back

မိုင်းပေါက်မြို့၌ ဓားပြတိုက်လူသတ်မှုကျူးလွန်သူ အမျိုးသား ၃ ဦးကို UWSA က သေဒဏ်စီရင်

Feb 07 • 5:33 AM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းပေါက်မြို့၌ ဓားပြတိုက်လူသတ်မှုကျူးလွန်သူ အမျိုးသား ၃ ဦးကို UWSA က သေဒဏ်စီရင်

"ဝ" ဒေသ၊ မိုင်းပေါက်မြို့တွင် ဓားပြတိုက်မှုနှင့် လူသေစေမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို "ဝ" ပြည်နယ်တရားစီရင်ရေးက သေဒဏ်ချမှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက် နံနက်ပိ...

"ဝ" ဒေသ၊ မိုင်းပေါက်မြို့တွင် ဓားပြတိုက်မှုနှင့် လူသေစေမှုကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးကို "ဝ" ပြည်နယ်တရားစီရင်ရေးက သေဒဏ်ချမှတ်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရှိရပါသည်။ အဆိုပါအမျိုးသားများသည် သူတစ်ပါးပိုက်ဆံကို လုယက်ရုံသာမက လူကိုပါ သေစေခဲ့သည့်အတွက် လူထုရှေ့တွင် စီရင်ချက်ဖတ်ကြားကာ မြို့ပြင်တစ်နေရာ၌ စီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ဝ" အထူးဒေသ (၂) အတွင်း၌ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်သူများကို သေဒဏ်စီရင်လေ့ရှိပြီး၊ ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူတစ်ဦးကို အလားတူ သေဒဏ်စီရင်ခဲ့ဖူးကြောင်း သိရှိရပါသည်။

news-view-count-icon

25