ဖိလစ်ပိုင်ကလပ် စတေလီယွန်လဂူနာအသင်းကို အဌားသွားရောက် ကစားတဲ့ ဧရာ၀တီအသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး စန်းသော်သော်နဲ့ နောက်ခံလူ ဖြူဖွေးတို့ဟာ ယမန်နေ့က အသင်းရဲ့ ခြေစမ်းပွဲမှာ ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။
ဖိလစ်ပိုင်ကလပ် လဂူနာအသင်းဟာ AFC Women Champion League ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားကလပ် Incheon Hyundai Steel Red Angels အသင်းနဲ့ ခြေစမ်းကစားခဲ့တာပဲ ဖြစ်ပါတယ်။ဒီပွဲမှာ စန်းသော်သော် က မိနစ် ၆၀ ဝန်းကျင်၊ ဖြူဖွေး က မိနစ် ၈၀ ဝန်းကျင် ပါဝင်ကစားခဲ့သလို ဧရာ၀တီအသင်းမှာ အငှားသွားကစားပြီး ပြန်လည်ရောက်ရှိလာတဲ့ ဂျပန်ကွင်းလယ်လူ Kirara Ogawa နဲ့ ဖိလစ်ပိုင် တောင်ပံကစားသမား Ube တို့လည်း လူစားလဲအဖြစ် ဝင်ကစားခဲ့ပါတယ်။



