back

ဧပြီလ ခမာနှစ်သစ်ကူးမတိုင်မီ တစ်နိုင်ငံလုံး ကျားဖြန့်ကွန်ရက်များ အမြစ်ပြတ်ရှင်းလင်းမည်ဟု ကမ္ဘောဒီးယား ကတိပြု

Feb 07 • 3:12 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ဧပြီလ ခမာနှစ်သစ်ကူးမတိုင်မီ တစ်နိုင်ငံလုံး ကျားဖြန့်ကွန်ရက်များ အမြစ်ပြတ်ရှင်းလင်းမည်ဟု ကမ္ဘောဒီးယား ကတိပြု

အရှေ့တောင်အာရှတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကွန်ရက်များ အခြေစိုက်ရာ အဓိကနေရာတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လာမည့် ဧပြီလ ခမာနှစ်သစ်ကူးရက်မတိုင...

အရှေ့တောင်အာရှတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ကွန်ရက်များ အခြေစိုက်ရာ အဓိကနေရာတစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လာမည့် ဧပြီလ ခမာနှစ်သစ်ကူးရက်မတိုင်မီ တစ်နိုင်ငံလုံးရှိ ကျားဖြန့်လုပ်ငန်းများအားလုံး ကင်းစင်သွားစေရမည်ဟု ပြည်ထဲရေးဝန်ကြီး ဆာဆော့ခါက အခိုင်အမာ ပြောကြားလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းစစ်တပ်သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများကို ခေါ်ယူကာ ကမ္ဘောဒီးယားနယ်စပ်ရှိ ကျားဖြန့်စခန်းများကို လေ့လာခွင့်ပြုခဲ့ခြင်းအပေါ် ကမ္ဘောဒီးယားဘက်က အချုပ်အခြာအာဏာ ကျူးကျော်မှုဟုဆိုကာ ဝေဖန်ခဲ့သော်လည်း၊ ယခုအခါ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူမှောင်ခိုတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းကာ နှိမ်နင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတ်မှတ်ရက်အတွင်း အပြီးသတ်ရှင်းလင်းရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

9