ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက အင်ဂျင်ဝိုင်ချက်သည့်စက်ရုံမှ စွန့်ပစ်ပစ္စည်းများကို ချောင်းအတွင်း မျှောချခဲ့ရာမှ ပြင်းထန်သောအနံ့ဆိုးများ ထွက်ပေါ်ခဲ့သဖြင့် ဒေသခံများ မူးဝေအော့အန်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓာတုနံ့ပြင်းပြင်းကြောင့် ကိုယ်ခံအားနည်းသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အများအပြား ဝေဒနာခံစားခဲ့ရပြီး ပြည်သူများမှာ နှာခေါင်းစည်း (Mask) များ တပ်ဆင်ကာ ထိတ်လန့်စွာ နေထိုင်ခဲ့ရသည်။ ၎င်းစက်ရုံမှာ ယခင်က တားမြစ်ခံထားရသဖြင့် ပြောင်းရွှေ့သွားရာမှ ယခုအခါ ဆိုင်းတောင်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် အများပြည်သူ ကျန်းမာရေး ထိခိုက်စေမှုအတွက် စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတစ်ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများက ထိန်းသိမ်းအရေးယူထားကြောင်း သိရှိရပါသည်။
Feb 07 • 2:58 AM
မြန်မာ
ကချင်
မျှဝေမည်
| 12 | 0 | 0 | 0 |


