back

အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေးစာချုပ်ပျက်ပြယ်သွားခြင်းကို တရုတ်စိုးရိမ်

Feb 06 • 7:20 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေးစာချုပ်ပျက်ပြယ်သွားခြင်းကို တရုတ်စိုးရိမ်

အမေရိကန်နဲ့ရုရှားကြားက လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်သက်တမ်းကုန်ဆုံးသွားတာနဲ့ ပတ်သတ်ပြီး စိတ်ပူပန်မိကြောင်းနဲ့ အမေရိကန်ကိုလည်း ရုရှားနဲ့အတူ ဆွေးနွေးအဖြေရှာဖို...

အမေရိကန်နဲ့ရုရှားကြားက လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်သက်တမ်းကုန်ဆုံးသွားတာနဲ့ ပတ်သတ်ပြီး စိတ်ပူပန်မိကြောင်းနဲ့ အမေရိကန်ကိုလည်း ရုရှားနဲ့အတူ ဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ အဆိုပါသဘောတူစာချုပ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သက်တမ်းကုန်ဆုံးသွားတာဖြစ်ပြီး၊ အမေရိကန်နဲ့ ရုရှားအကြား နှစ်ပေါင်း ၅၀ သက်တမ်းရှိ နျူလက်နက် ထိန်းချုပ်ရေး သဘောတူညီချက် ပျက်ပြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းရေးမှူးချုပ် ရဲ့ ပြောကြားချက်အရ အဆိုပါစာချုပ် ပျက်ပြယ်သွားတာဟာ ကမ္ဘာ့နျူကလီးယားလက်နက်ထိန်းချုပ်ရေးအတွက် အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာနျူကလီးယား သဘောတူစာချုပ်ကိုလည်း ထိခိုက်စေမယ်လို့ ပြောပါတယ်။ဆက်လက်ပြီး နိုင်ငံတကာအနေနဲ့လည်း အဆိုပါ စာချုပ်ကျိုးပျက်သွားခြင်းအပေါ် အာရုံစိုက်ကြဖို့ တိုက်တွန်း လိုက်ပြီး ဒီကနေ့ ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တစ်စုံတစ်ရာကိုလည်း ဝိုင်းဝန်းအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းရေးမှူးချုပ်ကတိုက်တွန်းလိုက်ပါတယ်။


news-view-count-icon

9