AFF Shopee Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ၅ ပွဲကစား ၅ ပွဲရှုံးဖြင့် ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်သည်။ယမန်နေ့ ညပိုင်းက ထိုင်းနိုင်ငံ BG Stadi -um Pathum Thani ကွင်းအတွင်း ဘန်ကောက်ယူနိုက်တက်အသင်းဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပထမပိုင်းပွဲချိန်အတွင်း ဦးဆောင်ဂိုးကို သွင်းယူခဲ့သော်လည်း ပထမပိုင်းပွဲပြီးချိန်တွင် တစ် ဖက် ၁ ဂိုးစီဖြင့် သရေကျခဲ့ပြီးနောက် ပွဲပြီးဆုံးခါနီးတွင် ဘန်ကောက်ယူနိုက်တက်က ၁ ဂိုး ထပ်မံသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုပွဲစဉ် ၅ ပွဲကစားအပြီးမှာ ငါးပွဲလုံးရှုံး၊ ရမှတ်တစ်မှတ်မှ မရရှိခဲ့ဘဲ ပွဲစဥ်တစ်လျှောက် ရဂိုး သုံးဂိုး၊ ပေးဂိုး ၁၄ဂိုးအထိ ရှိခဲ့ပြီး အုပ်စုအောက်ဆုံးအဆင့်ဖြင့်သာ ပြိုင်ပွဲက နှုတ်ထွက်ခဲ့ရသည်။ရှမ်းယူနိုက်တက်အသင်းအနေဖြင့် AFF Shopee Cup ပြိုင်ပွဲကို Myanmar National League ချန်ပီယံအဖြစ် ဝင်ရောက် ကစားခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး၊ တီရန်ဂါနူး အသင်း၊ သန်ဟွာအသင်း၊ PSM အသင်း၊ ဆဗေးရန်းအသင်းတို့ကိုလည်း အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည်။



