back

အီလက်ထရွန်နစ်အမှိုက်များတင်သွင်းမှု မလေးရှား အပြည့်အဝပိတ်ပင်မည်

Feb 06 • 7:08 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

အီလက်ထရွန်နစ်အမှိုက်များတင်သွင်းမှု မလေးရှား အပြည့်အဝပိတ်ပင်မည်

ပြည်ပမှ အီလက်ထရွန်နစ်အမှိုက်များ ပြည်တွင်းသို့ တင်သွင်းလာမှုကို အပြည့်အဝ ပိတ်ပင် မည်ဖြစ်ကြောင်း မလေးရှားအစိုးရကဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာထားသည်။အီလက်ထရွန်နစ် အမ...

ပြည်ပမှ အီလက်ထရွန်နစ်အမှိုက်များ ပြည်တွင်းသို့ တင်သွင်းလာမှုကို အပြည့်အဝ ပိတ်ပင် မည်ဖြစ်ကြောင်း မလေးရှားအစိုးရကဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာထားသည်။အီလက်ထရွန်နစ် အမှိုက်များကို အလုံးစုံပိတ်ပင်ထားသည့် သွင်းကုန်များစည်းမျဉ်းတွင် ထည့်သွင်းမည်ဖြစ်ကြောင်း မလေးရှား အစိုးရအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။မလေးရှားနိုင်ငံမှာ နိုင်ငံတကာမှ အီလက်ထရွန်နစ် အမှိုက်များအတွက် အမှိုက်ပုံ မဟုတ် ကြောင်းအထက်ပါသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။မလေးရှားနိုင်ငံသည် ပြည်ပမှ အီလက်ထရွန်နစ်အမှိုက်များ စုပြုံရောက်ရှိလာမှုနှင့် ရင်ဆိုင် နေရပြီးအထက်ပါ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းအများအပြားမှာ လူ့ကျန်းမာရေးနှင့် သဘာ၀ပတ်ဝန်းကျင်တို့အတွက်ဘေးဥပါဒ်ဖြစ်စေနိုင်သောစွန့်ပစ်ပစ္စည်းများဖြစ်ကြကြောင်းမလေးရှားတာဝန်ရှိသူများက ပြောကြားထားသည်။အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ တင်သွင်းမှုပိတ်ပင်ရေးစည်းမျဉ်းသည် ယခုကြေညာချက် ပေါ်ထွက်ချိန်မှစ၍ အာဏာသက်ရောက်မည်ဖြစ်ကြောင်း မလေးရှားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကွန်ပျူတာ၊ ဖုန်း စသည့်အီလက်ထရွန်နစ် ထုတ်ကုန်များမှဖြုတ် ယူထားသော အီလက် ထရွန်နစ်အမှိုက်များထဲတွင် အဆိပ်အတောက်ရှိ ဓာတုပစ္စည်းများနှင့် အက်တမ်အလေးချိန်ကဲ သတ္တုများ ပါဝင်တတ်သည်။

news-view-count-icon

10