ကိုဗစ် - ၁၉ ကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့သည့် လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးရာတွင် ယခုအခါ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မကုန်ခင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်ကပြောသည်။ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။



