back

ဗြိတိန်မှာ အိမ်ခြေရာမဲ့ ဒုက္ခသည် အရေအတွက် ၅ ဆပိုများလာနေ

Feb 06 • 6:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗြိတိန်မှာ အိမ်ခြေရာမဲ့ ဒုက္ခသည် အရေအတွက် ၅ ဆပိုများလာနေ

ဗြိတိန်မှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အိမ်ခြေရာမဲ့ ဒါမှမဟုတ် အိမ်ခြေယာမဲ့ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ ဒုက္ခသည် မိသားစုအရေအတွက် ၅ ဆပိုများလာကြောင်း ဘီဘီစီ သတင်းဌာနက လေ...

ဗြိတိန်မှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း အိမ်ခြေရာမဲ့ ဒါမှမဟုတ် အိမ်ခြေယာမဲ့ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ ဒုက္ခသည် မိသားစုအရေအတွက် ၅ ဆပိုများလာကြောင်း ဘီဘီစီ သတင်းဌာနက လေ့လာ ဖော်ပြထားပါတယ်။၂၀၂၁-၂၂ ခုနှစ်မှာ အိမ်ခြေရာမဲ့ ဒုက္ခသည် ၃၅၆၀ ရှိခဲ့ရာက ၂၀၂၄-၂၅ ခုနှစ်အတွင်း ၁၉,၃၁၀ အထိ မြင့်တက်လာကြောင်း အင်္ဂလန်အတွက် အစိုးရရဲ့ စာရင်းဇယားတွေက ဖော်ပြထား ပါတယ်။ဒီလို အရေအတွက် တိုးလာတာဟာ အစိုးရ မူဝါဒရဲ့ တိုက်ရိုက် ရလဒ် ဖြစ်တယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။ဗြိတိန် အစိုးရက ဒုက္ခသည်အဖြစ် အသစ်စက်စက် အသိအမှတ်ပြုထားသူတွေကို ဟိုတယ်တွေအပါအဝင် နေရာထိုင်ခင်းတွေကနေ ထွက်ခွာခိုင်းခဲ့တာကြောင့် အခုလို ဖြစ်လာရတာ ဖြစ်တယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။ဒုက္ခသည်တွေအနေနဲ့ ခိုလှုံခွင့်ပြုထားတဲ့ နေရာတွေကနေ အိမ်နဲ့ နေနိုင်အောင် ကူညီပေးရေး ကတိပြုထားကြောင်း ဗြိတိန်အစိုးရက ပြောထားပါတယ်။ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း အိမ်ခြေရာမဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောဆိုထားတာလည်းဖြစ်ပါတယ်။

ဗြိတိန်ရဲ့ လူများပြားလွန်းတဲ့ ခိုလှုံခွင့်ပေးရေးစနစ်ကို ထိန်းချုပ်ဖို့ အစိုးရအဆက်ဆက် ခက်ခက်ခဲခဲကြိုးပမ်နေရချိန်မှာ အခုလို အိမ်ခြေရာမဲ့ ဒုက္ခသည် အရေအတွက် ပိုများလာတာ ဖြစ်ပါတယ်။




news-view-count-icon

18