back

ညောင်ရွှေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့

Feb 06 • 6:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ညောင်ရွှေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့

ဖေဖော်ဝါရီလ ၅ ရက်နေ့ ၀၉နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ညောင်ရွှေမြို့န...

ဖေဖော်ဝါရီလ ၅ ရက်နေ့ ၀၉နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာနေ အောင်ကျော်အေး ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၀နာရီ၃၀မိနစ် အချိန် စိုင်းလင်းအောင် အား ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀)၊ မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်အေး(၃၂)နှစ် နှင့် စိုင်းလင်းအောင်(၂၆)နှစ် တို့အား ညောင်ရွှေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

34