back

ထိုင်းတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ ရွှေထည်များ လုယက်၊ အွန်လိုင်းဂိမ်းမစ်ရှင်ဟု အကြောင်းပြ

Feb 06 • 5:16 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဘတ် ၂ သန်းကျော်တန်ဖိုးရှိ ရွှေထည်များ လုယက်၊ အွန်လိုင်းဂိမ်းမစ်ရှင်ဟု အကြောင်းပြ

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ရှိ Lotus’s စျေးဝယ်စင်တာအတွင်းမှ ဘတ် ၂.၄ သန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လုယက်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးအား အခင်းဖြစ်...

ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့ရှိ Lotus’s စျေးဝယ်စင်တာအတွင်းမှ ဘတ် ၂.၄ သန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လုယက်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးအား အခင်းဖြစ်ပွားရာနှင့် ကီလိုမီတာ ၁,၅၀၀ အကွာရှိ ဥဘွန်ရတ်ချာဌာနီ ဘတ်စ်ကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် ရွှေများကို လုယက်ပြီးနောက် ဆိုင်ကယ်၊ လေယာဉ်နှင့် ဘတ်စ်ကားများ အဆင့်ဆင့်စီးကာ လာအိုနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိပြီးနောက် ၎င်းဝှက်မ်းထားသော ရွှေလက်ကောက်နှင့် ဆွဲကြိုး စုစုပေါင်း ၃၀ ခုကို တိုက်ခန်းတစ်ခုရှိ ဆပ်ပြာမှုန့်ထုပ်အတွင်းမှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။ သံသယရှိသူ လူငယ်၏ ထွက်ဆိုချက်အရ လာအိုနိုင်ငံမှ ဂိမ်းကစားဖော်၏ တိုက်တွန်းမှုကြောင့် ‘အွန်လိုင်းဂိမ်းမစ်ရှင်’ တစ်ခုအဖြစ် ယခုရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဥပဒေအရ အရေးယူရန် ဆုန်ခလာသို့ ပြန်လည်ပို့ဆောင်ထားပါသည်။

news-view-count-icon

13