back

ထိုင်ဝမ်ကို အမေရိကန်က လက်နက်ထောက်ပံ့ရေး ချင့်ချိန်စဉ်းစားဖို့ ထရန့်ကို တရုတ်သမ္မတ တိုက်တွန်း

Feb 06 • 4:05 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်ကို အမေရိကန်က လက်နက်ထောက်ပံ့ရေး ချင့်ချိန်စဉ်းစားဖို့ ထရန့်ကို တရုတ်သမ္မတ တိုက်တွန်း

အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ထောက်ပံ့ပေးချိန်မှာ ချင့်ချိန်စဉ်စားရမှာ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို တိုက်တွန်းလိုက်ပါတယ...

အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ ထောက်ပံ့ပေးချိန်မှာ ချင့်ချိန်စဉ်စားရမှာ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို တိုက်တွန်းလိုက်ပါတယ်။ဒေါ်နယ် ထရန့်နဲ့ ဖေဖော်ဝါရီ ၄ ရက်က ဖုန်းခေါ်ဆိုမှုအတွင်း ရှီကျင့်ဖျင်က တရုတ်-အမေရိကန် ဆက်ဆံရေးအတွင်း ထိုင်ဝမ်ဟာ အရေးအကြီးဆုံး ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။မိမိတို့ရဲ့ သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့ နှစ်ဖက်စလုံး နည်းလမ်းတွေ ရှာဖွေကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတ ရှီက ဆိုပါတယ်။ရှီနဲ့ ဖုန်းခေါ်ဆိုမှု အထူးကောင်းမွန်ပြီး ရှည်ကြာသလို နှံ့နှံ့စပ်စပ် ရှိတယ်လို့ ထရန့်က ပြောပါတယ်။ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ အပါအဝင် အနောက်တိုင်း ခေါင်းဆောင်တွေ တရုတ်သို့ သွားရောက်ခဲ့ကြပြီးနောက် ဖေဖော်ဝါရီ ၄ ရက်က ထရန့်နဲ့ ရှီတို့ ဖုန်းနဲ့ ဆက်သွယ်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ထရန့်ကိုယ်တိုင်လည်း ဧပြီလအတွင်း တရုတ်သို့ သွားရောက်ဖို့ ပြင်ဆင်ထားပြီး သူ့အနေနဲ့ အများကြီး မျှော်လင့်ထားတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ပြောထားပါတယ်။ဘေဂျင်းက လက်ရှိမှာ အမေရိကန် ပဲပိစပ် တန်ချိန် ၁၂ သန်း ဝယ်ယူနေရာက တန်ချိန် သန်း ၂၀ အထိ တိုးမြှင့် ဝယ်ယူဖို့ စဉ်းစားနေကြောင်းလည်း ထရန့်က ပြောပါတယ်။တရုတ်နဲ့ ဆက်ဆံရေး၊ သမ္မတ ရှီကျင့်ဖျင်နဲ့ မိမိရဲ့ ဆက်ဆံရေးဟာ အထူး ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။ခေါင်းဆောင်နှစ်ဦးဟာ နိုဝင်ဘာလက နောက်ဆုံးအကြိမ် ဖုန်းနဲ့ ဆက်သွယ်ခဲ့ကြပြီး ကုန်သွယ်ရေး၊ ရုရှား-ယူကရိန်း စစ်ပွဲ၊ ဖန်တနိုင်း မူးယစ်ဆေး၊ ထိုင်ဝမ် အခြေအနေတို့ အပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြကြောင်း ထရန့်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။


news-view-count-icon

6