မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီးမြောက်ဘက် ၄၅ လမ်း မှာ ၈၁ လမ်းကနေ ၈၄ လမ်းအထိ အရှေ့ကနေ့ အနောက်ဘက်ကိုပဲ မောင်းနှင်ရမယ်လို့ ပြန်လည်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သတိမထားမိသူတွေက အနောက်ကနေ အရှေ့ဘက်ကို မောင်းနှင်နေကြတာတွေ ရှိပါတယ်။ဟုတ်ပါတယ် ၄၅ လမ်းက လမ်းတအားပိတ်လို့ မကြာခင်ကပဲ ၈၁ ကနေ ၈၄ ထိ အရှေ့အနောက်ပဲ ခွင့်ပြုထားပါတယ်" လို့ စည်ပင်သာယာ လမ်းတံတားဌာန တာဝန်ရှိသူက ပြောပါတယ်။မန္တလေးမြို့မှာ တလမ်းမောင်းတွေ သတ်မှတ်ထားတာရှိပြီး အဲ့ဒီလမ်းတွေကနေ လမ်းပြောင်းပြန်မောင်းတာမျိုး စစ်ဆေးတွေ့ရှိရင် အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။ချမ်းအေးသာစံမြို့နယ်ထဲမှာဆိုရင် ၂၉ လမ်း ကို ၈၄ လမ်းကနေ ၈၆ လမ်းအထိ အနောက်ကနေ အရှေ့ကိုသာမောင်းခွင့်ရှိပါတယ်။ ၈၅ လမ်းကို လမ်း ၃၀ ကနေ ၂၈ လမ်းအထိ တလမ်းမောင်းအဖြစ် သတ်မှတ်ထားတာ အရင်ကတည်းက ဖြစ်ပါတယ်။ချမ်းအေးသာစံမြို့နယ် အတွင်းမှာ တလမ်းမောင်းအဖြစ် သတ် မှတ်ထားတဲ့ နေရာတွေကို လမ်းပြောင်းပြန် မောင်းနှင် ဝင်ရောက်လာသူတွေကို မြို့နယ်စည်ပင်ဝန်ထမ်းတွေက စစ်ဆေး အရေးယူတာမျိုးတွေ ရှိပါတယ်။မန္တလေးမြို့မှာ ၈၁လမ်း၊ ၈၂လမ်း၊ ၈၃လမ်းတွေကို ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊ ၈၄ လမ်းကို ၂၆ လမ်းမှ ၂၈ လမ်းထိ တလမ်းမောင်းအဖြစ် သတ်မှတ်ထားရာကနေ နှစ်လမ်းမောင်းအဖြစ် ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့က ပြန်လည်ပြောင်းလဲသတ်မှတ်ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
Feb 06 • 3:52 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 15 | 0 | 0 | 0 |


