အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ရှိ နိုင်ငံခြားသားများ ထိန်းသိမ်းရေးအကျဉ်းထောင်နှင့် Women Foreign Detention Centre တို့တွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၂၇ ဦးကို ဖေဖော်ဝါရီ၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့်ပြစ်ဒဏ်များ ကျခံ ပြီးပြန်လည်လွတ်မြောက်ပြီးနောက် မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားများ ထိန်းသိမ်းရေး အကျဉ်းထောင်နှင့် Women Foreign Detention Centreတွင် ထိန်းသိမ်းထားရာမှ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူများဖြစ်ကြောင်း သိရသည်။၎င်းတို့ကို တမူးမြို့ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကာ မြန်မာသံရုံးမှ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအ ဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



