၂၀၂၅ ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် လက်နက်ကိုင်ပဋိပက္ခအဖြစ်သို့ ရောက်ရှိသွားခဲ့သည့် ထိုင်းနိုင်ငံနှင့် ကာလကြာရှည်စွာ နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် သမိုင်း အထောက်အထားစာရွက်စာတမ်းများ ကိုပေးရန် ပြင်သစ်နိုင်ငံကို ဝန်ကြီးချုပ် ဟွန်မာနက်က တောင်းဆိုခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မစ္စတာ ဟွန်မာနက်သည် ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မေခရွန်ထံ စာရေးသားခဲ့ကာ နယ်စပ်နှင့် ဆက်စပ်သော ပြင်သစ်နိုင်ငံရှိ သမိုင်းနှင့် နည်းပညာဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများကို ကြည့်ရှုခွင့်ရရန် တောင်းဆိုခဲ့ပြီး ပြင်သစ်ထံမှ ကျွမ်းကျင်မှုနှင့် အကြံပေးမှုတို့အတွက် ကြိုဆိုခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၄ ရက် ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။



