အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဗုဒ္ဓဟူးနေ့က ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြပြီး အလွန်အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ထရမ့်ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုအပေါ် ပေကျင်းက သတိပေးချက်များ ထုတ်ပြန်ထားသည့်ကြားမှ နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ ပဲပုပ်ဝယ်ယူမှုကို ယခင် (၁၂) သန်းမှ (သန်း ၂၀) အထိ တိုးမြှင့်ဝယ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ယခုခြေလှမ်းသည် လာမည့် နှစ်လအကြာတွင် ပြုလုပ်မည့် ထရမ့်ပ်၏ ပေကျင်းခရီးစဉ်မတိုင်မီ နှစ်နိုင်ငံကြား စိတ်စေတနာကောင်း ပြသသည့်အနေဖြင့် အပြုသဘောဆောင်သော လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။
ထိုင်ဝမ်အရေးနှင့် ပဲပုပ်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ဒေါ်နယ်ထရမ့်ပ်နှင့် ရှီကျင့်ဖျင် ဖုန်းဆက်ဆွေးနွေး
Feb 06 • 2:30 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


