(၂၂) ကြိမ်မြောက် မန္တလေးမြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှ ၁၄ ရက်အထိ ၇၈ လမ်းရှိ မြမာလာဥယျာဉ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်ပွဲတော်တွင် ထူးခြားချက်အနေဖြင့် သစ်သီးဝလံနှင့် ပန်းမန်များကို ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး (၃) ခုနှင့် အလှဓာတ်ပုံရိုက်ကူးရန် နေရာများကို အထူးတလည် ပြင်ဆင်ထားပြီး၊ လာရောက်လည်ပတ်သူများကိုလည်း ပျိုးပင်များ လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ပြပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၄ မျိုး ထည့်သွင်းကျင်းပကာ ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိတို့၏ ထွက်ကုန်များကို ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မြမာလာဥယျာဉ်ရှိ ကွပ်ကဲရေးရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရှိရပါသည်။
မန္တလေးမြို့တော်ဝန်ဖလား ပန်းမန်ပြပွဲတွင် အလှဆင်ပန်းဝိုင်းကြီးများနှင့် ဓာတ်ပုံရိုက်ကွင်းများ ထည့်သွင်းပြသမည်
Feb 06 • 2:29 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


