ကရင်ပြည်နယ်၊ကယန်းဒေသ အမှတ် (၂) ခရိုင်၊ အမှတ် (၃) မြို့နယ် ကြေးကတော့တိုက်နယ်အတွင်းရှိ ငြိမ်းချမ်းခြင်းဆုတောင်းပြည့်မယ်တော်ဂူရဲ့ (၈) ကြိမ်မြောက် မယ်တော်ပွဲကို ကြေးကတော့အောက် (ခ) စိန်မိုက်ကယ်မြို့သစ်မှာ မနေ့ ဖေဖော်ဝါရီ ၄ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကြေးကတော့တိုက်နယ်အတွင်းရှိ ငြိမ်းချမ်းခြင်း ဆုတောင်းပြည့် မယ်တော်ဂူရဲ့တည်နေရာဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မယ်တော်ထင်ရှားပြသခဲ့တဲ့နေရာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှသာ ရေစက်ချကောင်းကြီးပေးနိုင်ခဲ့ကာ ယခုနှစ်ဆို (၈)နှစ်မြောက်ပြည့်ခဲ့ပါပြီ။အဲ့ဒီမယ်တော်ဂူပွဲသို့ ဘုရားဖူးဘာသာသူ ခန့်မှန်းခြေ (၁,၀၀၀) ကျော်ခန့် လာရောက် ဖူးမြော်ခဲ့ကြပြီး နောင်လာမယ့်နှစ်တွေမှာလည်း နှစ်စဉ်နှစ်တိုင်း ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။


