back

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ဆက်ဆံရေးတိုးတက်ရန် တရုတ်သမ္မတ တိုက်တွန်း

Feb 06 • 1:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ဆက်ဆံရေးတိုးတက်ရန် တရုတ်သမ္မတ တိုက်တွန်း

အဆင့်မြင့်ကူးလူးဆက်ဆံမှုများ မြှင့်တင်ကာ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရ...

အဆင့်မြင့်ကူးလူးဆက်ဆံမှုများ မြှင့်တင်ကာ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက်၌ အွန်လိုင်းဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သမ္မတ ရှီက ပူတင်နှင့် ရုရှားပြည်သူများအား နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်သည် တရုတ်ပြက္ခဒိန် နွေဦးရာသီစတင်ချိန်ဖြစ်ရာ စမှတ်သစ်ကို ကိုယ်စားပြုကြောင်း ပြောခဲ့သည်။ ဤကဲ့သို့ မင်္ဂလာရှိသော နေ့ရက်တွင် ၎င်းအနေဖြင့် ပူတင်နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် စီမံချက်အသစ် စတင်ရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။ ထို့နောက် ပူတင်က ရှီနှင့် တရုတ်ပြည်သူများအား ပျော်ရွှင်ဖွယ် နွေဦးပွဲတော် ဖြစ်ပါစေကြောင်း၊ ကြိုးပမ်းအားထုတ်သူများအားလုံး တက်ကြွသောစွမ်းအင်နှင့် အရေးပါသော အောင်မြင်မှု ရရှိပါစေကြောင်း ဆန္ဒပြုခဲ့သည်။

news-view-count-icon

7