(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ တောင်ကလေးစုပေါင်းဝန်ထမ်းအိမ်ရာစခန်းတွင် (၄) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာအဆောက်အဦးနှစ်လုံးဖွင့်ပွဲကို ကျင်းပသည်။ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၁၄၄ ဒဿမ ၄၀၀ သန်းကျော်စီ အကုန်အကျခံတည်ဆောက်ခဲ့သော (၄) ခန်းတွဲ (၄) ထပ် အဆောက်အဦး (၂) လုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှု အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ကရင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ ဝန်ထမ်းအိမ်ရာ (၈) လုံး အခန်းပေါင်း (၁၄၈) ခန်း၊ ပြည်သူ့အငှားအိမ်ရာ (၂) လုံး၊ အခန်းပေါင်း (၃၂) ခန်းတို့ကို ဝန်ထမ်းများနှင့်ပြည်သူများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Feb 06 • 1:26 AM
မြန်မာ
ကရင်
မျှဝေမည်
| 24 | 0 | 0 | 0 |


