back

ဆေးတက္ကသိုလ်(၁)ရန်ကုန် ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

Feb 06 • 1:25 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဆေးတက္ကသိုလ်(၁)ရန်ကုန် ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မြို့မကျောင်းလမ်းရှိ တ...

ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ ရာပြည့်အကြို (၉၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မြို့မကျောင်းလမ်းရှိ တက္ကသိုလ်ဝန်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ သင်ကြားရေးဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ အငြိမ်းစား ဆရာ/ဆရာမကြီးများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ကြို/ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။၎င်းနောက် ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေက ကျေးဇူးတင် ဂုဏ်ပြု စကားပြောကြားခဲ့သည်။ ယနေ့အစီအစဉ်များအနေဖြင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ဆေးတက္ကသိုလ်(၁) သမိုင်းကြောင်းနှင့်ပတ်သက်သည့် မှတ်တမ်းပြခန်းများ၊ ဆုရဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ နံရံကပ်စာစောင်များ ပြသထားသည့် ပြခန်းများအပြင် ဈေးရောင်းပွဲတော် (Funfair) အစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

15