နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းက စိတ်မကောင်းစရာ လူသတ်/မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မင်းကုန်းကျေးရွာနေ လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဇနီးဖြစ်သူအား ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။



