ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ (၆၂.၉၁၁) သန်း တန်ဖိုးရှိသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ် (၂၀) ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များတွင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၄) ခု၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် (၁၆) ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၆၂.၉၁၁) သန်းနှင့် ကျပ် (၂,၁၂၀,၄၃၆.၆၅၂) သန်းတို့ ဖြစ်ကြောင်း သိရသည်။ထိုကဲ့သို့သော ခွင့်ပြုပေးလိုက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃,၃၈၀) ကျော်ကို အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟုလည်း သိရသည်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၂၀) တွင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် (၄) ခုတို့မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဖြစ်ပြီး ကျန်လုပ်ငန်းအသစ် (၁၆) ခုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ဖြစ်သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ (၂၆) ရက်က နေပြည်တော်၌ ကျင်းပစဉ် ယင်းကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။



