back

မြန်မာနိုင်ငံကို ကူညီမယ့် ဒေါ်လာ ၁၂၁ သန်း ပါဝင်တဲ့ ၂၀၂၆ ဘတ်ဂျက်ဥပဒေကို ထရမ့် လက်မှတ်ရေးထိုး

Feb 05 • 6:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာနိုင်ငံကို ကူညီမယ့် ဒေါ်လာ ၁၂၁ သန်း ပါဝင်တဲ့ ၂၀၂၆ ဘတ်ဂျက်ဥပဒေကို ထရမ့် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၁၂၁ သန်း ပါဝင်တဲ့ ၂၀၂၆ ခုနှစ် အမေရိကန်အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် က ဖေဖော်ဝါရီ ၃ ရက်မှာ...

မြန်မာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၁၂၁ သန်း ပါဝင်တဲ့ ၂၀၂၆ ခုနှစ် အမေရိကန်အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် က ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဒီဥပဒေကို လက်မှတ်ရေးထိုးလိုက်တာနဲ့အတူ အမေရိကန်မှာ လေးရက်ကြာ ဖြစ်ပွားနေတဲ့ အစိုးရယန္တရား တစိတ်တပိုင်း ရပ်ဆိုင်းမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အစိုးရနဲ့ လွှတ်တော်အကြား ထိပ်တိုက်ရင်ဆိုင်မှုကိုလည်း ရပ်တန့်လိုက်ပြီလို့ သတင်းမှာ ဆိုပါတယ်။အောက်လွှတ်တော်က ဒီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၂၁၄ မဲနဲ့ ဖေဖော်ဝါရီ ၃ ရက်အစောပိုင်းမှာ အတည်ပြုခဲ့တာဖြစ်ပြီး ရီပတ်ဘလစ်ကန်အမတ် ၂၁ ဦးနဲ့ ဒီမိုကရက်အမတ် ၂၁ ဦးတို့က ကိုယ့်ပါတီရပ်တည်ချက်ကို ကျော်လွန်ပြီး ကူးပြောင်းမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ဒီဘတ်ဂျက်ထဲမှာ နိုင်ငံခြားရေးဌာန အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အောက်က ခွင့်ပြုထားတဲ့ ရန်ပုံငွေတွေထဲက ဘားမားအက်ဥပဒေအရ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့မယ့် ဒေါ်လာ ၁၂၁ သန်းလည်း ပါဝင်နေပါတယ်။ဒီရန်ပုံငွေတွေကို ထိုင်းနဲ့ အိန္ဒိယတို့မှာ ပြုလုပ်မယ့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေ၊ လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ၊ သင်တန်းအစီအစဉ်တွေ၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်ရေးရာ အထောက်အပံ့တွေ၊ အကြမ်းမဖက် လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို ကူညီဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။အရင်က အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကတဆင့် အကူအညီတွေကို စီမံခန့်ခွဲပေးခဲ့ပေမယ့် ထရမ့်အစိုးရလက်ထက်မှာ USAID ကို ပိတ်သိမ်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ကို ထည့်လိုက်တဲ့အတွက် မြန်မာနိုင်ငံအတွက် ခွင့်ပြုထားတဲ့ ဒေါ်လာ ၁၂၁ သန်းအပါအဝင် နိုင်ငံခြားအကူအညီတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က တိုက်ရိုက် စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။ဒီဥပဒေထဲမှာတော့ တစ်နှစ်စာ အသုံးစရိတ် ဥပဒေကြမ်း ၅ ခုနဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနအတွက် နှစ်ပတ်ကြာ သက်တမ်းတိုး ရန်ပုံငွေတွေလည်း ပါဝင်ထားပါတယ်။


news-view-count-icon

13