back

ရန်ကုန် - နေပြည်တော် - မန္တလေး လမ်းပိုင်း ရထားခရီးစဉ်များ၌ ရုံးပိတ်ရက်ရှည် ကာလအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူမှု များပြားလျက်ရှိနေ

Feb 05 • 6:06 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန် - နေပြည်တော် - မန္တလေး လမ်းပိုင်း ရထားခရီးစဉ်များ၌ ရုံးပိတ်ရက်ရှည် ကာလအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူမှု များပြားလျက်ရှိနေ

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်း ရထားခရီးစဉ်များ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တရုတ်နှစ်သစ်ကူးနေ့) အထိ ရုံးပိတ်ရက်ရှည်...

ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်း ရထားခရီးစဉ်များ၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တရုတ်နှစ်သစ်ကူးနေ့) အထိ ရုံးပိတ်ရက်ရှည်ကာလကြောင့် အွန်လိုင်းမှ လက်မှတ်ဝယ်ယူမှု များပြားလျက်ရှိနေကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ဖေဖော်ဝါရီလ ပိတ်ရက် ၆ ရက်မှာ ခရီးသွားလာကြမယ့် ပြည်သူတွေ ၇ ရက်ကြိုတင်ပြီး အွန်လိုင်းကနေ ရထားလက်မှတ်မှာ ယူနိုင်ပါပြီ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အစောင် ၅၀ ကျော်၊ ၂ ရက်နေ့မှာ အစောင် ၉၀ ကျော်နဲ့ ၃ ရက်နေ့မှာအစောင် ၈၀ ကျော် ကြိုတင်မှာယူနေတာတွေရှိပါတယ်။ လက်ရှိ မှာယူနေတာတွေလည်း ရှိနေပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ အရင်လို လက်မှတ်ရုံတွေကို လာရောက်ပြီး လက်မှတ်မရတာ မဖြစ်ရလေအောင်၊ အချိန်ကုန် သက်သာအောင်နဲ့ ပြန်အမ်းငွေအတိအကျ ပြန်ရစေတဲ့အတွက် အွန်လိုင်းက ဝယ်ယူမှုကို ရထားစီးပြည်သူတွေ သတိပြုမိလာကြပါတယ်” လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် အွန်လိုင်းမှ ရထားလက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP)စနစ်အတိုင်း ယခု ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ရှေ့ပြေးစမ်းသပ်မှုအစီအစဉ်အဖြစ် ရန်ကုန် - နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိသည့် လူစီးရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ အွန်လိုင်းစနစ်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ၇ ရက်ကြိုတင်ရောင်းချပေးခဲ့သည့် ရထားလက်မှတ်များကို လာမည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြေးဆွဲပေးမည့် ရန်ကုန်-မန္တလေး-ရန်ကုန် လူစီးအမြန်ရထားဖြစ်သည့် အမှတ်(၁၁)အဆန်/(၁၂)အစုန်၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် DEMU အမြန်ရထားဖြစ်သည့် အမှတ်(၇)အဆန်/ (၈)အစုန်၊ (၃၁)အဆန်/(၃၂)အစုန် နှင့် မန္တလေး -နေပြည်တော်- မန္တလေး အမြန်ရထားဖြစ်သည့် အမှတ် (၂၇) အဆန်/(၂၈)အစုန် ရထားများ စီးနင်းနိုင်ရန် မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပေးထားကြောင်း သိရပါတယ်။ ပုဂံသို့ သွားရောက်လည်ပတ်ကြမည့် ခရီးသွားများအတွက်ကိုလည်း ရန်ကုန်ဘူတာကြီးမှ အပတ်စဉ် သောကြာနေ့ မွန်းလွဲပိုင်းနှင့် ပုဂံမှ အင်္ဂါနေ့တို့တွင် ရထားများ ပြေးဆွဲပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

news-view-count-icon

27