back

၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) နှင့် ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း ၂,၉၀၀ ကျော် ခန့်အပ်တာဝန်ပေးနိုင်ခဲ့

Feb 05 • 4:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) နှင့် ခံတွင်းဆရာဝန် (သစ်လွင်) စုစုပေါင်း ၂,၉၀၀ ကျော် ခန့်အပ်တာဝန်ပေးနိုင်ခဲ့

ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) ၂,၆၃၃ ဦး နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၃၅၂ ဦး စုစုပေါင်း ၂,၉၈၅ ဦးကို ခန့...

ပြည်တွင်းကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆရာဝန် (သစ်လွင်) ၂,၆၃၃ ဦး နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) ၃၅၂ ဦး စုစုပေါင်း ၂,၉၈၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။ဆရာဝန် (သစ်လွင်) နှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များကို နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ကိုလည်း ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။၂၀၂၁ ခုနှစ်နောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ထောက်ပံကြေး၊ ဘွဲ့လွန်ထောက်ပံကြေး ဆေးရုံညကျတာဝန်ကျ ထောက်ပံ့ကြေးများကိုလည်း ချီးမြှင့်နေပြီး သူနာပြုသင်တန်းကျောင်းများကိုလည်း သူနာပြုသိပ္ပံအဖြစ် တိုးမြှင့်ပေးရန် စီစဉ်နေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အဆိုပါ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


news-view-count-icon

34