back

ထိုင်းနိုင်ငံ၊ဘန်ကောက် မှာ မြေပြိုမှုကြောင့် မြန်မာလုပ်သားတစ်ဦး ‌ေ-သဆုံး

Feb 05 • 4:49 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက် မှာ မြေပြိုမှုကြောင့် မြန်မာလုပ်သားတစ်ဦး ‌ေ-သဆုံး

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘန်ကောက်မြို့၊ Bang Na BTS ဘူတာအနီး မြေအောက်ကေဘယ်လ်ပိုက်လိုင်း တူးဖော်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်...

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဘန်ကောက်မြို့၊ Bang Na BTS ဘူတာအနီး မြေအောက်ကေဘယ်လ်ပိုက်လိုင်း တူးဖော်ရေးလုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အသက် ၃၀ ကနေ ၃၅ နှစ်ဝန်းကျင်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား ကိုဝေအေး ဟာ ၁၀ မီတာကျော်နက်တဲ့ ကျင်းထဲမှာ မြေပိမိပြီး ‌ေ-သဆုံးခဲ့ပါတယ်။အဲဒီနေရာဟာ မြေအောက်လျှပ်စစ်ပိုက်လိုင်း သွယ်တန်းတဲ့ စီမံကိန်းဖြစ်ပြီး လမ်းပိတ်ဆို့ကာ ကွန်ကရစ်ဖုံးတွေကို ဖယ်ရှားပြီး မြေတူးစက်နဲ့ တူးဖော်နေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေက ကျင်းထဲဆင်းပြီး မြေညှိနေချိန်မှာ ရုတ်တရက် မြေပြိုကျလာတာကြောင့် အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး ရွှံ့နွံတွေထဲ နစ်မြုပ်နေတဲ့ ရုပ်အလောင်းကို ဆွဲခြင်းအသုံးပြုပြီး ပြန်လည်သယ်ထုတ်ခဲ့ပါတယ်။ မှုခင်းဆရာဝန်တွေနဲ့ တာဝန်ရှိသူတွေကလည်း အလောင်းကို စစ်ဆေးတာတွေနဲ့ အထောက်အထား မှတ်တမ်းယူတာတွေ ပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာတော့ အာဏာပိုင်တွေက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးနဲ့ အဲဒီအချိန်က တာဝန်ကျနေတဲ့ အလုပ်သမားတွေကို စစ်ဆေးမေးမြန်းပြီး မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။



news-view-count-icon

21