မန္တလေးတိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း LNG ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးမည် ဖြစ်ကြောင်း သိရသည်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့က တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ထိုသို့ပေးရာတွင် တစ်ယူနစ်လျှင် ကျပ် ၉၀၀ နှုန်း သတ်မှတ်ကောက်ခံမည်ဖြစ်ကာ အိမ်သုံးဓာတ်အားခနှုန်းထားများကမူ ယခင်အတိုင်း ပြောင်းလဲမှုမရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ရန်ကုန်မြို့တွင်လည်း စက်မှုဇုန်များကို LNG ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးနေပြီး တစ်ယူနစ်လျှင် ကျပ် ၉၀၀ နှုန်း သတ်မှတ်ကောက်ခံလျက်ရှိသည်။



