back

အီရန် နျူကလီးယားဆွေးနွေးပွဲ ပျက်ပြားမည့် အခြေအနေရှိကာ စစ်ရေးလမ်းကြောင်းကို ထရန့် ရွေးချယ်လာနိုင်

Feb 05 • 2:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန် နျူကလီးယားဆွေးနွေးပွဲ ပျက်ပြားမည့် အခြေအနေရှိကာ စစ်ရေးလမ်းကြောင်းကို ထရန့် ရွေးချယ်လာနိုင်

February 6ရက်လာမည့်‌ေသာကြာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲ၏ တည်နေရာနှင့် ပုံစံကို ပြောင်းလဲပေးရန် အီရန်၏ တောင်း ဆိုချက်ကို လက်မခံကြောင်း အမေရိကန်က ဗု...

February 6ရက်လာမည့်‌ေသာကြာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဆွေးနွေးပွဲ၏ တည်နေရာနှင့် ပုံစံကို ပြောင်းလဲပေးရန် အီရန်၏ တောင်း ဆိုချက်ကို လက်မခံကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့ (မြန်မာစံတော်ချိန် ယနေ့နံနက်အစောပိုင်း) တွင် အ ကြောင်းကြားခဲ့သည်ဟု အမေရိကန်အရာရှိနှစ်ဦးက Axios သတင်းဌာနကို ပြောသည်။ယင်းအခြေအနေကြောင့် သံတမန်ရေးလမ်းကြောင်းပိတ်သွားနိုင်ပြီး သမ္မတ ထရန့်အနေဖြင့် စစ်ရေးအရ အရေးယူသည့် လမ်းကြောင်းကို ရွေးချယ်လာနိုင်သည့်အတွက် အလွန်အရေးကြီးလာသည်။အစောပိုင်းတွင် အခြား အရှေ့အလယ်ပိုင်းနိုင်ငံများကို လေ့လာသူများအဖြစ် ရှေ့မှောက်ထားကာ တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်တွင် တွေ့ဆုံရန် အမေရိကန်နှင့် အီရန်တို့က သဘောတူထားခဲ့ကြသည်။နောက်ပိုင်းတွင် ဆွေးနွေးပွဲကို အိုမန်နိုင်ငံသို့ ပြောင်းရွှေ့ရန်နှင့် နှစ်နိုင်ငံချင်း ပုံစံဖြင့်သာ ဆွေးနွေးရန် အီရန်ဘက်မှ တောင်းဆိုခဲ့သည်။ယင်းမှာ ဒုံးပျံအစီအစဉ်ကဲ့သို့သော အခြားကိစ္စရပ်များကို ချန်လှပ်ထားပြီး နျုကလီးယားအရေး တစ်ခုတည်းကိုသာ အီရန်က အာရုံစိုက်လိုခြင်းလည်း ဖြစ် သည်။အမေရိကန်ကမူ အဆိုပါ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။လက်ရှိတွင် အမေရိကန်ဘက်မှ အိမ်ဖြူတော် အထူးကိုယ် စားလှယ် စတိဗ်ဝစ်ကော့ဖ် နှင့် ထရန့်၏သားမက် ဂျာရတ်ကုရှ်နာတို့က ကာတာနိုင်ငံသို့ ယနေ့ သွားရောက်ကာ ဝန် ကြီးချုပ်နှင့် အီရန်အရေး ဆွေးနွေးရန် ရှိသည်။ အီရန်နှင့် တွေ့ဆုံရန် ခရီးစဉ်မရှိဘဲ မိုင်ယာမီသို့သာ တိုက်ရိုက်ပြန်ရန် စီစဉ်ထားသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်၏ အပြုအမူများနှင့် ယ ခင်ဆွေးနွေးပွဲများတွင် တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ခြင်းတို့ကြောင့် သဘောတူညီချက်တစ်ရပ် ရရှိနိုင်ခြေအပေါ် အမေရိကန် အရာရှိများက သံသယဖြစ်နေကြသည်ဟုဆို သည်။ကျွန်တော်တို့က အီရန်တွေနဲ့ ပတ်သက်ရင် အူကြောင် ကြောင် ဖြစ်နေတာ မဟုတ်ဘူး။ တကယ်တမ်း အနှစ်သာရရှိတဲ့ ဆွေးနွေးမှုမျိုး ဖြစ်မယ်ဆိုရင်တော့ ဆွေးနွေးမှာပါ။ ဒါပေမဲ့ အကျိုးမရှိဘဲနဲ့တော့ ကျွန်တော်တို့ အချိန်ဖြုန်းနေမှာ မဟုတ်ဘူး" ဟု အခြား အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။



news-view-count-icon

14