ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ YBS ယာဉ်ကြီးမောင်းသင်တန်းကိုအမျိုးသားအပြင် အမျိုးသမီးများပါ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။YBSကို စနစ်တကျ မောင်းနှင်နိုင်ရန်အတွက် အခြေခံယာဉ် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသုံးပြုပုံဝန်ဆောင်မှု (Service) ပိုင်းအပြင် လုပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့အထိ သင်ကြား ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။သင်တန်းတက်ရောက်လိုသူများ အနေနဲ့ အမှတ် (၂၄၅)တော်ဝင်လမ်း (၇) ရပ်ကွက် ရွှေပြည်သာသို့ လူ ကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း ဖုန်း- ၀၉-၇၇၇ ဝ၈ ၄၄၄၄၉၊ ဝ၉-၇၇၇ ဝ၈၄၄၄၄၇ တို့သို့ ဆက် သွယ်၍လည်းကောင်း စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။



