back

မလေးရှား အော်ပရာစီစစ်ဆင်ရေး မြန်မာအပါ ၃ ထောင်ကျော် အဖမ်းခံရ

Feb 05 • 2:28 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား အော်ပရာစီစစ်ဆင်ရေး မြန်မာအပါ ၃ ထောင်ကျော် အဖမ်းခံရ

မလေးရှားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဇန်နဝါရီနှောင်းပိုင်းမှစ၍ လုပ်ငန်းခွင်များအထိဆင်း၍ အထူးစစ်ဆင်ရေး (အော်ပရာစီ) ဖြင့် ဖမ်းဆီးနေရာ တပတ်...

မလေးရှားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဇန်နဝါရီနှောင်းပိုင်းမှစ၍ လုပ်ငန်းခွင်များအထိဆင်း၍ အထူးစစ်ဆင်ရေး (အော်ပရာစီ) ဖြင့် ဖမ်းဆီးနေရာ တပတ်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၃ ထောင်ခန့်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။စစ်ဆင်ရေးကို ကွာလာလမ်ပူ၊ ဆီလန်ဂေါပြည်နယ်၊ ချဲရက်စ် စသည့် ပြည်နယ်များအတွင်း ပြုလုပ်နေခြင်း ဖြစ်ပြီး လူမှုကွန်ရက်တွင် လိုက်လံဖမ်းဆီးမှုကြောင့် အိမ်ခေါင်မိုးပေါ်များသို့ ပုန်းအောင်းသူများတွေ့နေရပြီး နိုင်ငံခြားသားအမျိုးသမီးတဦး မျက်နှာကျက်ကျွံကာ ပြုတ်ကျခဲ့ကြောင်း The New Straits Times သတင်း၌လည်း ဖော်ပြ သည်။မလေးရှားရှိ နှလုံးလှပရဟိတအဖွဲ့က “အော်ပရာစီ ဝင်လို့ မလွတ်ရင် မပြေးကြပါနဲ့။ ပြေးလို့ ခြေကျိုးလက်ကျိုးတွေနဲ့ ဒုက္ခများကြရတယ်။ မိပြီဆိုရင် ကတ်အတုတွေကို လွှင့်ပစ်ခဲ့ပါ။ နာမည်အရင်းကို ပြောပါ။ မှတ်ပုံတင်ရှိခဲ့ရင် ဖမ်းမိတဲ့အခါ တပါထဲယူသွားပေးပါ။ အခုအမြန်မာနိုင်ငံသားတွေ အထူးဂရုစိုက်ဖို့ လိုအပ်နေပါပြီ။ ပါမစ်ရှိတဲ့လူတွေတောင် သတိထားရမယ့်အချိန် ရောက်နေပြီ။ အော်ပရာစီဘေးမှလည်း ကင်းလွတ်ကြပါစေ” ဟု ပြောသည်။

news-view-count-icon

9