back

မန်စီးတီးနည်းပြက နောက်ဆုံး(၅)နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေ ဆုဖလားရယူဖို့ လိုအပ်နေတယ်လို့ ဂွါဒီယိုလာ ပြောကြား

Feb 05 • 2:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်စီးတီးနည်းပြက နောက်ဆုံး(၅)နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေ ဆုဖလားရယူဖို့ လိုအပ်နေတယ်လို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နောက်ဆုံး(၅)နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေအနေနဲ့ ဆုဖလားရယူဖို့ လိုအပ်နေပြီး မိမိတို့ထက် ဖိအားပိုများနေတယ်လို့ ပြောက...

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နောက်ဆုံး(၅)နှစ်အတွင်း မိမိတို့ထက် ငွေပိုသုံးထားတဲ့အသင်းတွေအနေနဲ့ ဆုဖလားရယူဖို့ လိုအပ်နေပြီး မိမိတို့ထက် ဖိအားပိုများနေတယ်လို့ ပြောကြားခဲ့ပါတယ်။မန်စီးတီးအသင်းကို ငွေကြေးသုံးစွဲမှုများပြားတဲ့အသင်းအဖြစ် သတ်မှတ်ထားကြပေမဲ့ နောက်ဆုံး(၅)နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့အတွက် အသားတင်အသုံးစရိတ်အများဆုံး သုံးစွဲထားတဲ့အသင်းက မန်စီးတီးမဟုတ်ဘဲ မန်ယူအသင်းဖြစ်နေကြောင်း သိရပါတယ်။ဒါ့အပြင် မန်စီးတီးအသင်းက အသားတင်သုံးစွဲမှုမှာ ပြိုင်ဘက်(၆)သင်းရဲ့နောက် အဆင့်(၇)နေရာမှာသာ ရပ်တည်နေကြောင်း သိရပါတယ်။Transfermarkt ရဲ့ ဖော်ပြမှုအရ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၅)နှစ်အတွင်း အသားတင်သုံးစွဲမှုအများဆုံးအသင်းတွေက မန်ယူ (၆၇၅ သန်း)၊ အာဆင်နယ် (၆၆၃ သန်း)၊ ချယ်လ်ဆီး (၆၅၁ သန်း)၊ စပါး (၅၇၄ သန်း)၊ နယူးကာဆယ် (၄၂၄ သန်း)၊ လီဗာပူးလ် (၄၂၀ သန်း)၊ မန်စီးတီး (၃၉၆ သန်း)တို့ဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

15