မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို အင်အားအလုံးအရင်းနဲ့ ဖြိုချဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။လက်ရှိမှာတော့ ကျူးကျော်ဆိုပြီး နေအိမ်တွေ ဖြိုချ ဖျက်ဆီး ခံရတဲ့ မိသားစုဝင်တွေဟာ နီးစပ်ရာ ဆွေးမျိုးနေအိမ်တွေမှာ သွားရောက် နေထိုင်နေရသလို တချို့တွေအနေနဲ့ နေထိုင်ဖို့ကအစ အခက်အ ခဲ ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း လှိုင်တိုးချဲ့ မြို့သစ် စီမံကိန်းဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူုးကျော်ဆိုကာ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ကြားက အခိုင်အမာ တည်ဆောက်ထားတဲ့ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဈေးဆိုင်တွေ အပါအဝင် အဆောက်အဦး ရာနဲ့ချီကို ဖျက်ဆီးသိမ်းဆည်းခဲ့ပါတယ်။
Feb 05 • 2:23 AM
မြန်မာ
မွန်
မျှဝေမည်
| 12 | 0 | 0 | 0 |


