စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့အနီးတွင် ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၁)နာရီ၊ (၀၉)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် ငလျင်လှုပ်ခတ်သွားခဲ့ပါသည်။တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉) ဒီဂရီ၊ အနက် (၇၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့ပါသည်။
Feb 05 • 2:21 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


