၅.၂.၂၀၂၆ ရက်ယနေ့၊ ၀၂နာရီ ၃၀ မိနစ်အချိန်ခန့်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅၇/၇)နှင့်(၁၅၇/၆)ဖာလုံကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး (ေ-သဆုံး)၊ မ (၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား တောင်ငူ (192) ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။



