ထိုင်းနိုင်ငံ ၊ စာမွတ်ဆာခွန်ခရိုင် ကထုဘန့်နယ်မြေအတွင်းတွင် မြန်မာအလုပ်သမား ၃၁ ဦးထံက သက်တမ်းတိုးခနှင့် အလုပ်စမတ်ခ(အလုပ်လျှောက်ခ)အတွက် စုစုပေါင်း ဘတ် ၃ သိန်းကျော်ကို လိမ်ပြေးခဲ့သည့်အမှုအား ဖြေရှင်းပေးနိုင်ခဲ့ကြောင်း MHAC အဖွဲ့က ထုတ်ပြန်သည်။ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပွဲစားအေဂျင်စီ(ကုမ္ပဏီ)မှ ကျန်ရှိနေသည့် သက်တမ်းတိုးလုပ်ငန်းစဉ်များအား ပြန်လည်တာဝင်ယူပေးမည်ဖြစ်ကြောင်း ၎င်းအဖွဲ့မှသိရသည်။ လိမ်လည်သွားသော မြန်မာပွဲစားတစ်ဦးကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။မြန်မာအလုပ်သမားထံမှသိမ်းဆည်းထားသည့် ပတ်စပို့စ်စာအုပ်များကိုလည်း ထိုင်းအာဏာပိုင်များက ၂၀၂၅ ၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပွဲစားထံမှ ပြန်လည်တောင်းယူကာပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း MHAC အဖွဲ့က ထုတ်ပြန်သည်။
Feb 04 • 3:25 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


