back

နာရေးအိမ်ကို စားသောက်ဆိုင်ထင်ပြီး ဝင်လာသည့် နိုင်ငံခြားသားများအား ထိုင်းမိသားစုက နွေးထွေးစွာ ဧည့်ခံ

Feb 04 • 2:25 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

နာရေးအိမ်ကို စားသောက်ဆိုင်ထင်ပြီး ဝင်လာသည့် နိုင်ငံခြားသားများအား ထိုင်းမိသားစုက နွေးထွေးစွာ ဧည့်ခံ

ထိုင်းနိုင်ငံ၊ Nakhon Si Thammarat ပြည်နယ်ရှိ မိသားစုတစ်ခုသည် ၎င်းတို့၏ နာရေးအခမ်းအနားကို စားသောက်ဆိုင်အမှတ်မှားကာ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စေတနာအပြ...

ထိုင်းနိုင်ငံ၊ Nakhon Si Thammarat ပြည်နယ်ရှိ မိသားစုတစ်ခုသည် ၎င်းတို့၏ နာရေးအခမ်းအနားကို စားသောက်ဆိုင်အမှတ်မှားကာ ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား စေတနာအပြည့်ဖြင့် ကျွေးမွေးဧည့်ခံခဲ့သည့် ဖြစ်ရပ်မှာ လူမှုကွန်ရက်တွင် ရေပန်းစားလျက်ရှိသည်။ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၂ ရက်တို့တွင် နိုင်ငံခြားသား ခရီးသွားအဖွဲ့ နှစ်ဖွဲ့မှာ နာရေးအိမ်ကို စားသောက်ဆိုင်ဟု ထင်မှတ်ကာ ဝင်ထိုင်ခဲ့ကြခြင်းဖြစ်သည်။ အိမ်ရှင်ဖြစ်သူများက ယင်းမှာ နာရေးအခမ်းအနားဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း ထိုင်းရိုးရာဓလေ့အရ ကွယ်လွန်သူအတွက် ရည်စူး၍ အစားအသောက်များကို အခမဲ့ တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နိုင်ငံခြားသားများမှာ အိမ်ရှင်များ၏ ဧည့်ဝတ်ကျေပွန်မှုအပေါ် အံ့ဩဝမ်းသာဖြစ်ခဲ့ကြပြီး၊ လူမှုကွန်ရက်အသုံးပြုသူများကလည်း ထိုင်းလူမျိုးတို့၏ ကြင်နာတတ်သည့် စိတ်ထားကို ချီးကျူးပြောဆိုလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

19