တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ရုံး အဆောက်အအုံအတွင်း ကြိုတင်ပြင်ဆင်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ ဇန်နဝါရီ ၂၉ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ လွှတ်တော်အစည်းအဝေးခန်းမ၊ ကော်မတီရုံးခန်းများ၊ ကိုယ်စားလှယ်တည်းခိုရိပ်သာများနှင့် ဝန်ထမ်းအိမ်ရာများ၏ အသင့်ဖြစ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအတွက် ဥပဒေဆိုင်ရာ ကိုးကားရန် စာကြည့်တိုက် ပြင်ဆင်ထားမှု၊ ရေ၊ မီး လုံလောက်စွာ ရရှိရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အထူးအလေးထား စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
Feb 04 • 2:10 AM
မြန်မာ
ကချင်
မျှဝေမည်
| 19 | 0 | 0 | 0 |


