(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များအတွက် Business Matching Hall ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အစီအစဉ်တွင် MSME ထုတ်ကုန်များကို City Mart၊ Makro၊ G&G ကဲ့သို့သော ပြည်တွင်း လက်လီ/လက်ကား ဆိုင်ကြီးများနှင့် ချိတ်ဆက်ပေးခြင်း၊ ရင်းနှီးမတည်ငွေအတွက် ဘဏ်များနှင့် တွေ့ဆုံပေးခြင်း၊ သီလဝါ SEZ နှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးဌာန (၉) ခုမှ ပညာရှင်များက ပြည်ပဈေးကွက်ဝင်ရောက်ရန် လိုအပ်သည့် လက်မှတ်များ (Certificates) ရရှိရေးနှင့် E-Commerce စနစ်ဖြင့် နိုင်ငံတကာဝယ်လက်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရေးတို့ကိုပါ ကူညီပေးသွားမည်ဖြစ်သည်။ အဆိုပါပြပွဲကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်
Feb 04 • 2:07 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 22 | 0 | 0 | 0 |


