မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်လက်နက်ပစ္စည်းအကြွင်းအကျန် ပေါက်ကွဲမှုအန္တရာယ် မြင့်တက်လာရာ၊ ပြည်သူများ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဘေးကင်းစေရေး အမူအကျင့်များဆိုင်ရာ (RASB) သင်တန်းများကို နိုင်ငံတစ်ဝန်း ပို့ချပေးလျက်ရှိသည်။ အထူးသဖြင့် တိုက်ပွဲများ တိုက်ရိုက်ဖြစ်ပွားရာဒေသရှိ လူထုအား အန္တရာယ်ရှိသော ပစ္စည်းများကို သတိပြုမိစေရန်နှင့် ရှောင်လွှဲနိုင်မည့် နည်းလမ်းများကို သင်ကြားပေးခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတွင်း ကရင်ပြည်နယ်၌ သင်တန်းပေါင်း ၂၄၆ ပွဲ ကျင်းပခဲ့ပြီး နေရပ်စွန့်ခွာရသူများနှင့် ကလေးသူငယ်များ အပါအဝင် စုစုပေါင်း လူဦးရေ ၇,၅၅၈ ဦးအား အသိပညာ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း (ဖေဖော်ဝါရီ ၃ ရက်) တွင် ICRC က ထုတ်ပြန်ထားပါသည်။
Feb 04 • 2:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


