တရုတ်နိုင်ငံတွင် ကျင်းပမည့် အာရှ ယူ-၁၇ အမျိုးသမီးဖလား (AFC U-17 Women’s Asian Cup) နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် AYA Training Center ၌ အရှိန်အဟုန်မြှင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာအမျိုးသမီးနေရှင်နယ်လိဂ်တွင် "Young Lionesses" အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ကာ အတွေ့အကြုံယူခဲ့သည့် ဤအသင်းသည် ယခုနှစ်အတွင်း အာရှအဆင့်ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် တစ်ခုတည်းသော မြန်မာ့လက်ရွေးစင်အသင်းလည်း ဖြစ်သည်။ လာမည့် ဧပြီ ၃၀ ရက်မှ မေ ၁၇ ရက်အထိ ကျင်းပမည့် ဤပြိုင်ပွဲတွင် မြန်မာအသင်းသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စသည့် အာရှထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ပြိုင်ပွဲ၏ ထိပ်သီး (၄) သင်းစာရင်းတွင် ပါဝင်နိုင်ပါက ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိမည့် အခွင့်အရေးကောင်း ရှိနေကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံတွင်ကျင်းပမည့် အာရှယူ-၁၇ အမျိုးသမီးပြိုင် ပွဲအတွက် မြန်မာအမျိုး သမီးအသင်း အရှိန်အဟုန်မြှင့်လေ့ကျင့်ပြင်ဆင်နေ
Feb 04 • 2:02 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


