back

ပျဉ်းမနားမြို့လယ် ရှမ်းကန်အတွင်း ငါး‌သေဆုံးမှုများဆက်တိုက်ကြုံလာ

Feb 04 • 1:39 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပျဉ်းမနားမြို့လယ် ရှမ်းကန်အတွင်း ငါး‌သေဆုံးမှုများဆက်တိုက်ကြုံလာ

နေပြည်တော်၊ ပျဉ်းမနားမြို့အလယ်ရှိ မြို့ကျက်သရေဆောင် မင်္ဂလာရှမ်းကန်အတွင်းတွင် ယခုရက်ပိုင်းအတွင်း ငါး ‌ေ*သဆုံးမှုများ ဆက်တိုက်ကြုံလာကြောင်း ဒေသခံများထံမှ သိရသည်။...

နေပြည်တော်၊ ပျဉ်းမနားမြို့အလယ်ရှိ မြို့ကျက်သရေဆောင် မင်္ဂလာရှမ်းကန်အတွင်းတွင် ယခုရက်ပိုင်းအတွင်း ငါး ‌ေ*သဆုံးမှုများ ဆက်တိုက်ကြုံလာကြောင်း ဒေသခံများထံမှ သိရသည်။ပျဉ်းမနားမြို့လယ်တွင်ရှိသော မင်္ဂလာရှမ်းကန်မှာ ပျဉ်းမနားမြို့မတည်ခင်ကတည်းက ခရီးသွားရှမ်းကုန်သည်များ တစ်ထောက်နားရာ စခန်းတစ်ခုဖြစ်ခဲ့ပြီး ရှမ်းကုန်သည်များက ၎င်းတို့အသုံးပြုရန်နှင့် ပါလာသည့်မြင်းများ ရေသောက်ရန်အတွက် တူးဖော်ခဲ့သည်ဟု ဆိုထားကြကြောင်း၊ မြို့တည်သောအခါ မြိုအလယ်တွင်တည်ရှိနေသည့်အတွက် လူအများအပန်းဖြေနားနေရန် ပြုပြင်ခဲ့ရာမှ ခေတ်အဆက်ဆက်ထိန်းသိမ်းပြုပြင်ထားသည့် ကန်တော်မင်္ဂလာတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ပြီးခဲ့သည်နှစ်ပိုင်းကမှ ကန်အတွင်းရှိ နုန်းများကိုဆယ်ယူ၍ ကန်ပတ်လမ်းများဖြင့် အဆင့်မြှင့်တင်ထားခဲ့ကြောင်းလည်း သိရသည်။ယခုအခါ နံနက်အစောပိုင်းကန်ပတ်လမ်းလျှောက်သူများနှင့် ညနေပိုင်းတွင် လမ်းလျှောက်အပန်းဖြေသူများ၊ ငါးစာလာကျွေးသူများ အများအပြားရှိနေပြီး နေပြည်တော်သို့ အလည်အပတ်လာသူများလည်း ဝင်ရောက်လည်ပတ်လေ့ရှိရာ စည်ကားသောနေရာတစ်ခုဖြစ်နေကြောင်း သိရသည်။

news-view-count-icon

14