ဘရာဇီးလက်ရွေးစင်အသင်း မန်နေဂျာ ကာလို အန်ဆယ်လော့တီက ၎င်းအနေဖြင့် ယခုနှစ်၌ ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းအား အပြီးသတ်ရွေးချယ်မှုမှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲဖြစ်သည်ဟု ဖေဖော်ဝါရီ ၂ ရက်၌ ပြောကြားခဲ့သည်။ ဥရောပ၏ ဘောလုံးရာသီမှာ ပွဲစဉ်အများအပြား ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေချိန်တွင် ကစားသမားများအနေဖြင့် လက်ရွေးစင်အသင်း၌ ရွေးချယ်ခံရရေးအတွက် နောက်ဆုံးအချိန်အထိ ကြိုးစားကစားရန် အချိန်ရှိသေးကြောင်း အန်ဆယ်လော့တီက ဆိုသည်။အန်ဆယ်လော့တီ၏ ဘရာဇီးအသင်းမှာ ကမ္ဘာ့ဖလားအတွက် အကြိုပြင်ဆင်သည့်အနေဖြင့် ဘော်စတွန်မြို့တွင် မတ် ၂၆ ၌ ပြင်သစ်အသင်းနှင့်လည်းကောင်း၊ ထို့နောက် ငါးရက်အကြာ၌ အော်လန်ဒိုမြို့တွင် ခရိုအေးရှားအသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ထို့ပြင် CBF အနေဖြင့် မေလနှောင်းပိုင်းတွင် ပနားမားအသင်းနှင့် ခြေစမ်းပွဲစဉ်ကိုလည်းကောင်း၊ ဇွန် ၆ ရက်တွင် အမေရိကန်၌ အီဂျစ်အသင်းနှင့် နောက်ဆုံးခြေစမ်းပွဲစဉ်ကိုလည်းကောင်း အတည်ပြုနိုင်ရန် နီးစပ်နေပြီဟု သိရသည်။
Feb 04 • 1:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


