back

တရုတ်သမ္မတရှီကျင့်ဖိန်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တွေ့ဆုံဆွေးနွေး

Feb 04 • 1:36 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်သမ္မတရှီကျင့်ဖိန်နှင့် ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi နှင့် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိလာသော ဥရုဂွေးနိုင်ငံ သမ္မတ Yamandu Orsi နှင့် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဥရုဂွေးနိုင်ငံသည် သမုဒ္ဒရာခြားဝေးကွာနေသော်လည်း နှစ်ဖက်၏ အတွေးအခေါ်အယူအဆ နီးစပ်မှုရှိသလို ချစ်ကြည်ရေးလည်း နက်ရှိုင်းလှကြောင်း ထောက်ပြပြောကြားခဲ့သည်။လွန်ခဲ့သည့် ၃၈ နှစ်က ယခုလိုအချိန်အခါတွင် တရုတ်-ဥရုဂွေး သံတမန်ဆက်ဆံရေးဖော်ဆောင်ခဲ့ကြောင်း၊ ၃၈ နှစ်တာကာလတစ်လျှောက် နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုရှိသည့် ဆက်ဆံရေးလမ်းကြောင်းကို အစဉ်အမြဲ ခိုင်ခိုင်မာမာ လက်ကိုင်ထားခဲ့ကြကြောင်း၊ အခြေအနေသစ်တွင် နှစ်ဖက်အနေဖြင့် အစဉ်အလာကို ဆက်ခံကာ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေပြီး နှစ်နိုင်ငံချစ်ကြည်ရေး သစ်ပင်ကြီး ပိုမိုပွင့်လင်းဝေဆာလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

news-view-count-icon

9