ကိုရင်သီယန်စ်အသင်း ဖေဖော်ဝါရီ ၁ ရက်က ဆွတ်ခူးခဲ့သည့် Supercopa do Brasil (စူပါကိုပါ ဒို ဘရာဇီး) ဖလားမှာ အသင်းပရိသတ်များအတွက် ရည်ရွယ်ကြောင်း၊ အသင်းအနေဖြင့် ပြင်ပပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း ပရိသတ်များ၏ အားပေးမှုက ပြိုင်ပွဲအပေါ် အာရုံစိုက်နိုင်စေရန် အထောက်အကူပေးခဲ့ကြောင်း တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းက ပြောကြားခဲ့သည်။ဘရာဇီး စီးရီးအေကလပ် ကိုရင်သီယန်စ်မှာ ဘရာဇီးလီးယားမြို့ရှိ Mane Garrincha အားကစားကွင်း၌ ဂါဘရီရယ် ပေါ်လစ်စတာနှင့် ယူရီ အယ်လ်ဘာတိုတို့၏ သွင်းဂိုးများနှင့်အတူ ဖလာမင်ဂိုအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စူပါကိုပါဖလားကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ကိုရင်သီယန်စ်အနေဖြင့် ဘရာဇီးရီရယ်လ် ၂.၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း ၅၃၀ ခန့်) ကြွေးမြီတင်ရှိနေကြောင်း မကြာမီက ထုတ်ပြန်ခဲ့ရာ အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ယခုကဲ့သို့ ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
Feb 04 • 1:36 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


