ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အမေရိကန်အစိုးရ၏ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ (Lapse in Appropriations) အတွင်း၌ပင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကာလအတွင်း ပုံမှန်လုပ်ငန်းဆောင်တာများကို အပြည့်အဝ မဆောင်ရွက်နိုင်သည့်အတွက် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတိပေးချက်များမှလွဲ၍ သံရုံး၏ Facebook စာမျက်နှာတွင် အကြောင်းအရာအသစ်များ ထပ်မံတင်ဆက်မည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ် (Douglas E. Sonnek) က ဇန်နဝါရီလလယ်မှစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်သံရုံးက နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများကို အခြေအနေပေးသရွေ့ ဆက်လက်ဆောင်ရွက်မည်ဟု အသိပေး
Feb 03 • 3:10 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


