back

အိန္ဒိယသံအမတ်ကြီး တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများကို လေ့လာ

Feb 03 • 3:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိန္ဒိယသံအမတ်ကြီး တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများကို လေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay Thakur သည် ဖေဖော်ဝါရီ ၁ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ သွားရောက်ကာ မြန်မာ...

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay Thakur သည် ဖေဖော်ဝါရီ ၁ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ သွားရောက်ကာ မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။ သံအမတ်ကြီးသည် တာလော့ဈေး၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁) နှင့် (၂) တို့သို့ သွားရောက်၍ နယ်စပ်ဖြတ်ကျော် သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများကို ကြည့်ရှုခဲ့သည့်အပြင်၊ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာ့နယ်မြေရှိ ဗုဒ္ဓဂါယာဘုရားအား ဖူးမြော်ခြင်းနှင့် ဝမ်ပုံ မဲခေါင်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့လည်း သွားရောက်လေ့လာခဲ့သည်။ ထို့နောက် မယ်ယန်းကုန်သွယ်ရေးစခန်းတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

17