back

အယ်လ်ဟီလာအသင်းထံ ရုတ်တရက်ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူးဘန်ဇီမာ

Feb 03 • 2:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

အယ်လ်ဟီလာအသင်းထံ ရုတ်တရက်ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူးဘန်ဇီမာ

အယ်လ်အစ်တီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာကတော့ အဓိကပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းထံရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။ဘန်ဇီမာ(၃၈ နှစ်)အနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ်...

အယ်လ်အစ်တီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာကတော့ အဓိကပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းထံရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။

ဘန်ဇီမာ(၃၈ နှစ်)အနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ် ယူရို သန်း ၁၀၀ နီးပါးရခဲ့ပေမဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေလို့ အသင်းပြောင်းခဲ့တာလည်းဖြစ်ပါတယ်။အယ်လ်အစ်တီဟတ်အသင်းက လစာမပေးဘဲ ပုံရိပ်မူပိုင်ခွင့်သာပေးမယ့် ကမ်းလှမ်းချက်က ဘန်ဇီမာနဲ့လမ်းခွဲကို ရောက်ရှိစေခဲ့ပါတယ်။ဘန်ဇီမာဟာ အယ်လ်ဟီလာအသင်းနဲ့ ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ အခုရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲကစားရာမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။အယ်လ်ဟီလာအသင်းက ဆော်ဒီလိဂ်မှာ ၄၇ မှတ်နဲ့ အယ်လ်နာဆာအသင်းကို တစ်မှတ်အသာ ဦးဆောင်နေပါတယ်။

news-view-count-icon

25