back

စီးပွားရေးလုပ်ငန်းသုံး Daihatsu အသေးစားလျှပ်စစ်ကားများ ဂျပန်တွင် စတင်ရောင်းချ

Feb 03 • 2:08 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

breaking-news
cover

စီးပွားရေးလုပ်ငန်းသုံး Daihatsu အသေးစားလျှပ်စစ်ကားများ ဂျပန်တွင် စတင်ရောင်းချ

စီးပွားရေးလုပ်ငန်းသုံး အသေးစားလျှပ်စစ်ကားများကို ၎င်းတို့ ပထမဆုံး အ‌မြောက်အမြား ထုတ်လုပ်သည့် လျှပ်စစ်ကားအဖြစ် Daihatsu ကားကုမ္ပဏီက ဂျပန်ပြည်တွင်းဈေးကွက်တွင် ရော...

စီးပွားရေးလုပ်ငန်းသုံး အသေးစားလျှပ်စစ်ကားများကို ၎င်းတို့ ပထမဆုံး အ‌မြောက်အမြား ထုတ်လုပ်သည့် လျှပ်စစ်ကားအဖြစ် Daihatsu ကားကုမ္ပဏီက ဂျပန်ပြည်တွင်းဈေးကွက်တွင် ရောင်းချမှုစတင်လိုက်သည်။ကာဗွန်ထုတ်လွှတ်မှုမရှိစေရေး အားပေးသော ကုမ္ပဏီများထံမှ ဝယ်လိုအားကို အခွင့်ကောင်းယူရန် Daihatsu က ရည်ရွယ်သည်။ယင်းလျှပ်စစ်ကားအား တစ်နိုင်ငံလုံး၌ စတင်ရောင်းချမှုကို ကုမ္ပဏီဥက္ကဌ အီနိုအဲမာဆာဟီရိုက ယမန်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။၎င်းတို့ကုမ္ပဏီ၏ ပြည်တွင်းရောင်းချမှု ထက်ဝက်ခန့်မှာ စီးပွားရေးလုပ်ငန်းသုံးယာဉ်များ ဖြစ်သည်။ယခုစတင်ရောင်းချခဲ့သော e-Hijet Cargo နှင့် e-Atrai မော်ဒယ်နှစ်မျိုးကို တိုယိုတာ နှင့် ဆူဇူကီးတို့က ပူးတွဲ တည် ဆောက်ခဲ့ကြကြောင်း သိရပြီး ၎င်းတို့ကို ကုန်ပစ္စည်များ ပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည်။ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားအစီးရေ ၆၀,၀၀၀ ခန့်ရောင်း ချခဲ့ရပြီး စုစုပေါင်း ရောင်းချရသည့် ကားအရေအတွက်၏ ၁ ဒသမ ၆ ရာ ခိုင်နှုန်းရှိသည်။ ဟွန်ဒါနှင့် မစ်ဆူဘီရှီ တို့ကလည်း စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ကားများကို ဂျပန်ဈေးကွက်တွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။


news-view-count-icon

3