ယခု ဖေဖော်ဝါရီလတစ်လတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာမှ ကုန်သေတ္တာတင်သင်္ဘော အစင်းရေ ၆၀ ဆိုက်ရောက်ရန်ရှိနေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတား ၂၇ စင်း၊ သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ခံတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းရှိပြီး အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောများကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။လက်ရှိကာလတွင် နယ်စပ်ကုန်သွယ်ရေးထက် ပင်လယ်ရေကြောင်းကုန်သွယ် ရေးကို အဓိကထားကာ လုပ်ဆောင်ခြင်းများလည်းရှိကြောင်း သိရသည်။



